ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်





MNP   -    ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့တွင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းအဖြစ် မြို့ပတ် လမ်းဆုံ လေးတိုင်စင်လမ်းလယ်ကျွန်းတို့ကို ဆေးသုတ်ခြင်းနှင့် ဗိုလ်ချုပ်လမ်းမကြီးဘေး(ဝဲ၊ ယာ)တွင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားရှိသည့် Flower Box များ ဆေးသုတ် မွမ်းမံ ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။


အဆိုပါ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးလင်းမင်းညွန့် ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဆေးသုတ်ခြင်းနှင့် ဗိုလ်ချုပ်လမ်းမကြီးဘေး(ဝဲ၊ ယာ)တွင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားရှိသည့် Flower Box များ ဆေးသုတ်မွမ်းမံပြုပြင်ခြင်း၊ မြို့အဝင် ဆိုင်းဘုတ်အား ဆေးသုတ်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်သိမ်းယာဉ်ဖြင့် မြို့တွင်းမိန်းလမ်းမကြီးဘေး (ဝဲ၊ ယာ) တစ်လျှောက် အမှိုက်သရိုက်များ ရှင်းလင်းသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေးအတွက် မြို့တွင်း၊ မြို့ပြင် စွန့်ပစ်ပလပ်စတစ်အမှိုက်များကောက်ယူခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ထိန်းသိမ်းပြုပြင်ဆောင်ရွက်ခြင်းနှင့် ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များနှင့် နုန်းသဲများဆယ်ယူရှင်းလင်းခြင်း၊ မြို့တွင်းလမ်းဘေး (ဝဲ၊ယာ) တစ်လျှောက်ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးခြင်း၊ ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်များအတွင်း အမှိုက်များလိုက်လံသိမ်းဆည်းပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြကြောင်း သိရသည်။


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)