ကျောက်တော် - ပလက်ဝ သင်္ဘောခရီးစဉ်အား အများပြည်သူခရီးသွားလာရေး အဆင်ပြေစေရေးအတွက် အပတ်စဉ်ပုံမှန်ပြေးဆွဲပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော် - ပလက်ဝ သင်္ဘောခရီးစဉ်အား အများပြည်သူခရီးသွားလာရေး အဆင်ပြေစေရေးအတွက် အပတ်စဉ်ပုံမှန်ပြေးဆွဲပေးခြင်းများဆောင်ရွက်


MNP  -  ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ရေနယားသင်္ဘောခရီးစဉ်အား အပတ်စဉ်ပုံမှန်ပြေးဆွဲပေးခြင်းကြောင့် အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။


အဆိုပါ ရေနယားသင်္ဘောခရီးစဉ်ပြေးဆွဲခြင်းကို အခြေအနေအမျိုးမျိုးကြောင့်ရပ်ဆိုင်းခဲ့ရာ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်ရှိ အများပြည်သူများအနေဖြင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကုန်ပစ္စည်းများအား ချင်းပြည်နယ်ပလက်ဝမြို့အတွင်းရှိ ဈေးဆိုင်များသို့ ကုန်စိမ်း ၊ ကုန်ခြောက်များအား အချိန်မီဖြည့်တင်းပေးခြင်း၊ ဒေသထွက်ကုန်ပစ္စည်းများအား ကျောက်တော်မြို့ ၊ မြို့မဈေးကြီးအတွင်း ရောင်းကုန် ၊ တိုက်ကုန်များအဖြစ် လာရောက်ရောင်းချခြင်းများ စီစဉ်ဆောင်ရွက်နိုင်သည့်အပြင် မိမိဒေသအတွင်းရှိ ဒေသခံပြည်သူများ၏ စားဝတ်နေရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး စသည့်အခက်အခဲများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။


ယခုအခါ ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းပြန်ဖွင့်လာပြီဖြစ်၍ သင်္ဘောခရီးစဉ်အား အပတ်စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ စားနပ်ရိက္ခာမှစ၍ လူသုံးကုန်ပစ္စည်းများ၊ ကုန်စည်၊ ရိက္ခာများစျေး ပလက်ဝမြို့နယ်တွင် ကုန်စည်များစျေးမြင့်တက်ခြင်း၊ ပြတ်လပ်ခြင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရှိရသည်။


ခင်မောင်ထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)