စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်


MNP  -  ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက် ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး  Centre တွင် ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၈)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၁၈)ဦး၊   ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၂၀)ဦး၊ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံသူ (၇၄)ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသူ (၁၁၂)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း (Booster Dose) ထိုးရန်ကျန်ရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများလည်း  ပါဝင်ထိုးနှံခဲ့ကြကြောင်း   သိရသည်။


ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက်   အလုံခရိုင် အုပ်ချုပ်ရေးမှူး စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအား ဝိုင်းဝန်း ကူညီ  အားပေးဆောင်ရွက်ခဲ့ကြောင်း  သိရသည်။


နီလာစိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)