MNP - ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ် ရေးရာ ဟောပြောပွဲ နှင့် စွမ်းရည်ပြိုင်ပွဲများကိုဖေဖော်ဝါရီ ၁၀ ရက် နံနက် (၁၀ )နာရီတွင်အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း (မြောက်ပိုင်း) ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးအကြောင်းကိုဟောပြောခဲ့ပြီး စွမ်းရည်ပြိုင်ပွဲများကိုပြုလုပ်ကာ ထူးချွန်သူများအား လက် ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်ကျောင်းသား၊ကျောင်းသူများက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊လူကုန်ကူးမှုအန္တရာယ်၊ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် နံရံကပ်စာစောင်များအားကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment