တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP   -   ဖေဖော်ဝါရီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင် ရွက် ခဲ့ကြောင်းသိရသည်။


ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် တော်ခရမ်းကျေးရွာအုပ်စု တော်ခရမ်းကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး နှင့်အဖွဲ့ဝင်များဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းသည် ကျေးရွာနေပြည်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပညာရေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ  ဆွေးနွေးပြောကြားပြီး လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောသည်။ထို့နောက်  ကျေးရွာနေပြည်သူများက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကိုဆွေးနွေးတင်ပြရာ  တာဝန်ရှိသူများက  ပြန်လည်ဖြေကြား ဆွေးနွေးကြောင်း သိရသည်။


 စန်းကလျာခိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)