MNP - ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ လူငယ်ဘက်စုံထူးချွန်စေရန်အတွက် လူ ငယ် စကား ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ထမ္မရာဇ်ရပ်ကွက် အ.ထ.က(ခွဲ) ၊ အ.လ.က (၃) ကျောင်း ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ခွဲ)၊ အ.လ.က (၃) ကျောင်းအုပ် ဆရာကြီး ဦးမောင်မြတ်ဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦး စီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ မှ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်း သူများ သည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ၊ အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ၊ စဉ်းစားတွေးခေါ်နိုင်မှု၊ လိမ္မာယဉ်ကျေးစွာ ပြောဆိုတတ်စေရန် နှင့် လူတော်လူကောင်းများစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ် ကျင်းပ ပြု လုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က (ခွဲ)၊ အ.လ.က (၃) Grade-11 မှ မောင်နိုင်ထက်ဦး က စည်း ကမ်း၏တန်ဖိုး ၊ Grade -11 မောင်ခင်ထွန်းလှိုင် မှလည်း လူငယ်နှင့်အနာဂတ် ၊ Grade-11 မယုယုလှိုင် က မူးယစ်ဆေးဝါး ၊ Grade-11 မှ မသန်းနုယဉ် က အချိန်၏တန်ဖိုး ခေါင်း စဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်တက်ရောက်လာကြသောကျောင်းသူ၊ကျောင်းသားများကလည်း မိမိတို့သိရှိလို သည့် အကြောင်းအရာများကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်း လင်းပြောကြားခဲ့ပြီး ထိုအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသူ၊ ကျောင်း သားများကို ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များအား ဆရာ/ဆရာမ များနှင့် ကျောင်း သား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊စာစောင်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment