ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်


MNP   -    နိုဝင်ဘာ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ ကပ္ပတိန်သာစိန်ရေးသားသည့် “လူငယ်များအတွက် မိဘကြေးမုံ+နီတိနှင့် သုတများ” စာအုပ်ထဲမှ “မိဘ‌ကြေးမုံပြင်နှင့် ဝတ္တရားငါးပါး” ခေါင်းစဉ်ပါ အကြောင်းအရာဖြင့်   Book Club အသင်းဝင် ဒေါ်ရှုကြည်က ဦးဆောင်ဆွေးနွေးပြီး၊ အဆိုပါ စာအုပ်ထဲမှ “ လူငယ်များ ပတ်ဝန်းကျင်ကို အလေးထားပါစေ” ခေါင်းစဉ်ပါ အကြောင်းအရာကို Book Club အသင်းဝင် ဒေါ်ခင်ညိုကလည်းကောင်း မိမိတို့ဖတ်ရှုထားသည့် ခေါင်းစဉ်အလိုက် အသီးသီး ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း အဆိုပါစာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားသည့် လူငယ်များအတွက် မိဘကြေးမုံပြင် + နီတိနှင့် သုတများစာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် မိဘများမှ သား၊သမီးများအပေါ်ထားရှိရမည့် မေတ္တာတရားများ၊ ပြုစုဆောင်ရွက်ပေးရမည့်ဝတ္တရားများ၊ လူငယ်များအနေဖြင့် ကိုယ့်လူမှုပတ်ဝန်းကျင်တွင် ပေါင်းသင်းဆက်ဆံရေး၊ ယဉ်ကျေးမှုစသည်တို့အား သိရှိအလေးထား ဆောင်ရွက်တတ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝေယံ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)