တနင်္သာရီမြို့နယ်၊အထက-မောတောင်ရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူ/သားများအား(တတိယ)အကြိမ်၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်၊အထက-မောတောင်ရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူ/သားများအား(တတိယ)အကြိမ်၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ဆက်လက်ထိုးနှံပေး




MNP  -  ဖေဖော်ဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်းမှအသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအား (တတိယ) အကြိမ်၊ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ယမန်နေ့က  အထက-မောတောင်ကျောင်း ဆေးထိုးစုရပ်အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာမများနှင့်ဝန်ထမ်းများက ထိုးနှံပေးကြရာ ပညာရေးဌာနဆရာ/မများက ပူးပေါင်းကူညီပေးကြကြောင်း သိရသည်။


မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အ.ထ.က-မောတောင်ရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား (၁၅၅) ဦး၊ ကျောင်းသူ(၁၇၁)ဦး၊ စုစုပေါင်း(၃၂၆)ဦးတို့အား (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးဖြင့် ထပ်ဆောင်းထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ဤမြို့နယ်အတွင်း အသက် (၅နှစ် မှ၁၂)နှစ် အတွင်းအကြိမ်ပြည့်ထိုးနှံပြီးနောက်(၅)လပြည့်ပြီး (တတိယ)အကြိမ် Booster Dose ထိုးနှံရန် ကျောင်းသူ/သားပေါင်း(၂၅၉၅)ဦးရှိရာ ယမန်နေ့အထိ (၁၇၈၉)ဦးကိုထိုးနှံပေး


ပြီးဖြစ်၍ (၈၀၆)ဦးသာ ဆေးထိုးရန်ကျန်ရှိကြောင်း လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)