မြောက်ဦးမြို့ တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် ရှေ့တန်းအမှတ်(၅၅) ၊ ခြေလျှင်တပ်မဌာနချုပ်၊ တပ်မမှူး နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အမှိုက် Campaing ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် ရှေ့တန်းအမှတ်(၅၅) ၊ ခြေလျှင်တပ်မဌာနချုပ်၊ တပ်မမှူး နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အမှိုက် Campaing ပြုလုပ်





MNP   -   ဖေဖော်ဝါရီ  ၁၈ 

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန မှ ပတ်ဝန်းကျင်လှပရေး နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ကို အ ထောက်အကူ ပြုနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်း ကျော် နှင့်ဝန်ထမ်းများမှ  ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့်ဌာ ဆိုင်ရာဝန်ထမ်းများ ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များတို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရိအချိန်က ကုန်သည်တန်းရပ်ကွက်  မြောက်ဦးမြို့ နန်းတော်ရာကုန်းအနီးရှိ ခြုံနွယ် ပိတ်ပေါင်း များ၊ စွန့်ပစ် အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတိတ်အိတ် များကို ရှင်းလင်း ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။


ယခုအခါ ပွင့်လန်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့် သည်များလာ ရောက်နေကြသောအချိန်ဖြစ်သည့်အတွက် ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် နှင့် မြို့တော်သန့်ရှင်းသာယာလှပစေရန်  နန်းတော်ရာကုန်း အတွင်းအပြင်ရှိအမှိုက်များ ၊ ခြုံနွယ် ပိတ်ပေါင်းများ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များ နှင့် ပလစ်စတိတ်အိတ်များကို ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေး အသင်းအဖွဲ့များ တို့ပူးပေါင်း၍ ရှင်းလင်းလျှက်ရှိသည်။


အဆိုပါ နန်းတော်ရာကုန်းရှိ ခြုံနွယ် ပိတ်ပေါင်းများ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတိတ်အိတ်များရှင်းလင်းရာ နေရာသို့ ရှေ့တန်းအမှတ်(၅၅) ၊ ခြေလျှင်တပ်မဌာနချုပ်၊ တပ်မမှူး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၊ ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် နှင့်အဖွဲ့ဝင်များ၊  မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များတို့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းမှ အစပြု၍သင်လည်း ပတ်ဝန်းကျင်ကို ထိန်းသိမ်းသူအဖြစ်ပါဝင်နိုင်ပါသည် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ရာရောက်ရှိလာသော ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများကို ဧည့်ခံကျွေး မွေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)