လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တို့တွင် Charging Station ဆောက်လုပ်နေမှု ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တို့တွင် Charging Station ဆောက်လုပ်နေမှု ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး


MNP   -  ဖေဖော်ဝါရီ ၂၁

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် လျှပ်စစ်သုံးယာဉ် များ ပြေးဆွဲ/အသုံးပြုရေးအတွက် Yangon Aerodrome Co.,Ltdမှ ဆောက်လုပ်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Charging Station တည်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


လိုအပ်သည်များ မှာကြား


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စီမံကိန်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက သတ်မှတ်ဒီဇိုင်းပုံစံနှင့် ကွဲပြားမှုများအား ဦးဆောင်ကော်မတီသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရန်၊ လျှပ်စစ်ယာဉ်များ စတင်အသုံးပြုချိန်တွင် လျှပ်စစ်အားသွင်းနိုင်မည့် အခြေခံအဆောက်အအုံများ အဆင်သင့်ဖြစ်ရန်အတွက် လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ရန်မှာကြားပြီး Myanmar Brilliance Auto Co., Ltd မှ Charging Station ဆောက်လုပ် နေသည့် အောင်မင်္ဂလာအဝေးပြေးကားဝင်းနေရာကို ဆက်လက်စစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်- မန္တလေးအမြန်လမ်းမိုင်တိုင်(၁/၀)၌ Earth Renewable Energy Co., Ltd မှ Charging Station တည်ဆောက်နေသည့် လုပ်ငန်းခွင်နေရာသို့ရောက်ရှိရာ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့အနေဖြင့် အမြန်လမ်းမကြီးပေါ်တွင် ဆောက်လုပ်နေသည့် Charging Station များအား လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ရန် မှာကြားပြီး ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၃၂/၁) ပဲခူးမြို့ရှောင် လမ်းနှင့်ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးဆုံရာ Under Pass ၌ လမ်းလယ်ကျွန်း ရေမြောင်းမွမ်းမံပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်(၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၌ Charging Station ဆောက်လုပ်မှုနှင့် မိုင်တိုင်(၁၃၂/၀)ရှိ ဘုရားကုန်း Under Pass လမ်းလယ် ကျွန်းရေမြောင်းပြင်ဆင်ပြီးစီးမှု၊ မိုင်တိုင် (၁၇၄/၃)ရှိ ပါရမီတံတားကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။


ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်(၂၀၁/၀)ရှိ နေပြည်တော် စီလမ်းဆုံယာဉ်ရပ်နားစခန်း၌ Charging Station ဆောက်လုပ်နေမှုနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးမှ မိုင်တိုင်(၂၀၄/၀)သို့ ဝင်ရောက်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းနှင့် လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)