ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP   -    ဖေဖေါ်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ဝန်ထမ်းများအား လိုက်နာရမည့် နည်းဥပဒေများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ် အခန်း(၁)ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်တွင်ပါရှိသည့် ဝန်ထမ်းများခန့်ထားခြင်း၊ အလုပ်ချိန်နှင့်ရာထူးလုပ်သက် အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။ 


ထို့နောက် ဒေါ်ဖြိုးဝေသူ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ)က ဝန်ထမ်း၏လစာနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ဦးဇော်လင်း အငယ်တန်းစာရေး (အင်အားပြ)က ဝန်ထမ်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည် များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ချိန်တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ ပြစ်မှုပြစ်ဒဏ်များကို ပိုသိရှိ နားလည်လာမည်ဖြစ်ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)