အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စစ်တုရင် အားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စစ်တုရင် အားကစားပြိုင်ပွဲ ကျင်းပ




MNP  -   ဖေဖော်ဝါရီ ၁၄

   ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ ခြေပြုဗဟိုဌာန Community Center ခန်းမတွင် စစ်တုရင်အားကစားပြိုင်ပွဲကို ယနေ့ နေ့လယ်(၁၂)

 နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စစ်တုရင်အားကစားပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းကြောင့်  လူငယ်များအနေဖြင့်စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်း တစ်မျိုးဖြစ်ပြီး  စာကြည့်တိုက်ရှိ စာအုပ်စာပေများနှင့်ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


 ထို့နောက် စစ်တုရင်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် အလယ် တန်းအဆင့် ကျောင်း သား ၁၀ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ  ဆုရရှိသူများအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)