ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP  -    ဖေဖော်ဝါရီ  ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက “နိုင်ငံဝန်ထမ်းနည်းဉပဒေများ” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက လူထု အခြေ ပြုဗဟိုဌာန Comm unity  Center ခန်းမ ၌ ပြုလုပ် ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ  ဦးစီးအရာရှိ ဦးမြင့်ခိုင်က စာ ဖတ်ဝိုင်း ပြုလုပ်ရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ရုံးရှိဝန်ထမ်း များက   ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် “နိုင်ငံဝန်ထမ်းနည်းပဒေများ”စာအုပ်  အခန်း(၅) လစာသတ်မှတ်ခြင်း ခေါင်းစဉ်ထဲရှိ ကနဦးလစာ နှင့် နှစ်တိုး လစာ  ခံစားခွင့် ရှိသည့် လစာအခြေအနေများ ၊ အခန်း(၆) ချီးမြှင့်ငွေ နှင့် အခကြေးငွေ ခေါင်းစဉ်ထဲရှိ  ချီးမြှင့်ငွေပေးအပ်ပုံ နှင့်  အခကြေးငွေ ပေးအပ်မှုများ ၊  အခန်း(၇) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း ၊ ရာထူးမှ ထုတ်ပယ်ခြင်း ၊ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း ၊ ပြန်လည်ခန့်အပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ ခေါင်းစဉ်ရှိများ တွင် ပါဝင်သော အချက်အလက်များ အ ကြောင်း အရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  အပြန်အလှန် ဆွေးနွေး ခဲ့ ကြ ကြောင်းသိရသည်။ 


သက်လွင်စိုး  အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)