MNP - ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီ အချိန်ခန့်တွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက မိမိရုံးရှိဝန်ထမ်းများ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများကို ပိုမိုသိရှိစေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ရုံးလုပ်ငန်းများနှင့်ဝန်ထမ်း
ကျင့်ဝတ်များအားပိုမိုသိရှိစေရန်၊ ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ပါ စံတန်ဖိုးသတ်မှတ်ရခြင်း၏ရည်ရွယ်ချက်များအားဖတ်ကြားဆွေးနွေးခဲ့သည်။
ထို့နောက် ဓါတ်ပုံကျွမ်းကျင်(၂) ဦးထွန်းလင်းကျော်က နိုင်ငံ့ဝန်ထမ်းများထားရှိရမည့်စံတန်ဖိုးသတ်မှတ်ချက်များခေါင်း စဉ်ပါ အချက်အလက်များအား ဆွေးနွေးဖတ်ကြားခဲ့ပြီးရုပ်/သံ(ကျမ်းကျင်-၃) ဦးအောင်သိန်းဝေက အခန်း(၄)ပါ လုပ်ငန်း တာဝန်များကို ဇွဲ၊ လုံးလ၊ ဝီရိယဖြင့်တိကျ မှန်ကန် မြန်ဆန်ထိရောက်စွာဆောင်ရွက်ခြင်းခေါင်းစဉ်ပါအချက်အလက်များအားဆွေးနွေးဖတ်ကြားခဲ့သည်။
ဆက်လက်၍ လုပ်သားရုပ်သံ ဒေါ်အေးအေးခင်က ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်းအကြောင်းအရာများအား ဆွေးနွေးဖတ်ကြားခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment