MNP - ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကလောင်စုံရေးသားထားသည့် “လူငယ်နှင့် အနာဂတ်ကိုတည်ဆောက်ခြင်း” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ကလောင်စုံရေးသားထားသည့် “လူငယ်နှင့် အနာဂတ်ကိုတည်ဆောက်ခြင်း” စာအုပ်ပါအကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။ ထို့နောက် စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ မောင်မောင်တာ(သဘာဝ)နှင့် တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက ကလောင်စုံရေးသားထားသည့် “လူငယ်နှင့်အနာဂတ်ကိုတည်ဆောက်ခြင်း” စာအုပ်မှ လူငယ်တစ်ယောက်ရဲ့ ဘဝအောင်မြင်မှုတိုးတက်ပြောင်းလဲမှုတွေဟာ သူ့ရဲ့ဘဝနောက်ခံနှင့် ပတ်သက်နေသည့် အချက်အလက်များအကြောင်း၊ လူငယ်တစ်ယောက်ကို တိုးတက်ပြောင်းလဲနိုင်သည့်အကြောင်း၊ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ဘဝအောင်မြင်တိုးတက်မှု၊ အတွေးအခေါ်ရင့်ကျက်မှုဟာ ပတ်ဝန်းကျင်နှင့် တိုက်ရိုက်ဆက်စပ်မှု ရှိ/မရှိ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment