မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ ့အကြောင်းအသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ ့အကြောင်းအသိပညာပေး Talk Show ပြုလုပ်

 


MNP   -    ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးCommunity Centre ခန်းမတွင်  ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က  ၇၆ နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး Talk Show ကို ပြုလုပ်ခဲ့သည်။


မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  နိုင်ငံတော်အထိမ်းအမှတ်နေ့များနှင့် သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာတို့ကို Talk Show များပြုလုပ်၍ အသိပညာများဖြန့်ဝေပေးလျှက်ရှိရာ (၁၂-၂-၂၀၂၃) ရက်နေ့တွင်ရောက်ရှိမည့် ၇၆ နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကိုလည်း ဒုတိယဦးစီမှူးဒေါ်ယဉ်ယဉ်ထွန်းနှင့် စာပေဝါသနာရှင်တစ်ဦးတို့မှအသိပညာပေး ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စု၏ အဓိပ္ပါယ်၊ မြန်မာနိုင်ငံနှင့်ပြည်ထောင်စုစိတ်ဓါတ်၊ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကျရောက်ချိန်တွင် လွတ်လပ်ရေးမပေးချင်ပုံ၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေး ရရှိခဲ့ခြင်း၊ ပြည်ထောင်စုစိတ်ဓါတ် အရေးကြီးကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ၊ နောက်ခံသမိုင်းကြောင်းနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရခြင်းရည်ရွယ်ချက်တို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။


မယ်ခွေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)