MNP - ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးနှင့်( Book Club)ဥက္ကဋ္ဌ ဦးကြည်စိန်က စာရိတ္တဟူသည်အမူအကျင့်၊ အလေ့အထ၊ ကိုယ်ကျင့်တရားနှင့်ဆက်နွယ်နေသည့်အရာဖြစ်ကြောင်း၊ စာရိတ္တပညာသည်လူသားတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်ထားစသောကိုယ့်ကျင့်တရားကောင်းများရှင်သန်ကြီးထွားရေး၊ မကောင်းသောအကျင့်အကြံ၊ အတွေးအမြင်များကို တားမြစ်ပြီး ကောင်းတာကိုလမ်းညွန်သည့်ပညာဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုးတို့တိုးတက်ကြီးပွားဖွံ့ဖြိုးရေးတွင် စာရိတ္တဟာအလွန်အရေးပါကြောင်း၊ နိုင်ငံနှင့်လူမျိုး၏အဓိကအမာခံအင်အားစုသည် လူငယ်၊ လူရွယ်များဖြစ်ကြောင်းစသည့် အကြောင်းအရာများကို အသိပညာပေးဆွေနွေးခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့် Talk Show အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment