ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ပြုလုပ်ဆောင်ရွက်



MNP  -    ဖေဖေါ်ဝါရီ         ၃

             ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီဌာနတို့ပူးပေါင်း၍မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးက ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။


ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးမြင့်ဝေက  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေအတွက်မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄) ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကိုအကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊  ခြောက်သွေ့ရာသီရောက်ရှိလာပြီဆိုလျှင် မီးသတ်ဦးစီးဌာနအနေဖြင့် မြို၊ ရပ်ကွက်၊ ကျေးရွာများ၌ တစ်အိမ်တက်ဆင်းမီးဘေးကြိုတင်ကာကွယ်ရေးအတွက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက်  အသံချဲ့စက်ဖြင့်လှည့်လည်အသိပညာပေးဆော်ဩလျက်လည်းရှိပါကြောင်းနှင့်  အများပြည်သူများနှင့်သက်ဆိုင်သော  အလုပ်ရုံ၊  စက်ရုံ၊  ရုံးဌာနများနှင့် စာသင်ကျောင်းများကိုလည်းကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး  အသိပညာပေးလုပ်ငန်းများကို အရှိနအဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော မိုးမှာလေ့ကျင့်ဆောင်းမှာစစ်ဆေး၊ နွေ မှာအသင့်ရှိ ဆောင်ပုဒ်နှင့်အညီဆောင်ရွက်ပေးလျက်ရှိပြီး မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနမှထုတ်ပြန်ထားသောစည်းကမ်းများနှင့်တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ကြပါက မီးဘေးအန္တရာယ်မှ ကင်းဝေးကြမည်ဖြစ်ကြောင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)