ကျောက်ဖြူခရိုင် Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင် Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်





MNP   -  ဖေဖော်ဝါရီ  ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အမှတ်(၂၁) ယာဉ်ထိမ်းရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမှတ် (၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်မျိုးသီဟက ကျောက်ဖြူမြို့တွင် ပြည်သူများ ယာဉ် အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် မီးပွိုင့်များအား လမ်းဆုံ၊ လမ်းခွနေရာများတွင် တပ်ဆင်ထားပြီးဖြစ် ကြောင်း၊  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍ ယာဉ်မောင်းသူများလိုက်နာရမည့် စည်းကမ်း ချက်များ၊ ယာဉ်ကြောပိတ်ဆို့မှုအချက်ပြစနစ်(သို့) မီးပွိုင့်အချက်ပြမီးစနစ်များနှင့် ယာဉ်အန္တရာယ်ကင်းရှင်း ရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၇၆(ခ)အရ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်မောင်းများ လိုက်နာရမည့်စည်းကမ်းချက်များနှင့်ပတ်သက်၍  ဆွေးနွေးပြောကြားခဲ့သည်။ 


ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show)  များပြု လုပ်ခြင်း၊ ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများ အခမဲ့ငှားရမ်းပေးခြင်း  ကလေးများ ဉာဏ်ရည်၊ဉာဏ် သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေး ခြင်း စသည့် အသိပညာပေးအစီအစဉ်များအား Face Book Page မှတစ်ဆင့် ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)