သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်



MNP   -  ဖေဖေါ်ဝါရီ ၂၂

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးအသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။


အဆိုပါအသိပညာပေး Talk Show တွင် မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ အရေးယူဆောင်ရွက်မှုများ ၊ နှင့် မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းဆိုင်ရာများကို သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ရုပ်သံကျွမ်းကျင်(၃)ဒေါ်အေးအေးဝင်း တို့က ပြည်သူ တစ်ရပ်လုံး  အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်  မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။


ထိုသို့ မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက် ရခြင်းမှာ နောင်အနာဂါတ်၏ ပန်းကလေးများဖြစ်သည့် လူငယ်၊ လူရွယ်များ ဆိုးဝါးရက်စက်သည့် မူးယစ်ဆေးဝါးဂယက်အတွင်း မရောက်ရှိစေရေးနှင့်မူးယစ် သားကောင်ဘဝ မရောက်ရှိစေရေး တို့အတွက် အသိပညာပေးဆွေးနွေးပြောကြားခြင်းဖြစ်သည်။


ထို့အပြင်   ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)