MNP - ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ သံတွဲလူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Club
ဖြင့် စာဖတ်ဝိုင်းကိုယမန်နေ့ ညနေ ၃ နာရီကအဆိုပါ အဆောက်အအုံအစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်များအချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်စေရန်၊အသိပညာဗဟုသုတတိုးပွားစေရန်နှင်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်အတွက်ရည်ရွယ်၍စာဖတ်ဝိုင်းများပြုလုပ်ပေးနေခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ခရိုင်ဦးစီးမှူးကစာရေးဆရာ ဒေါက်တာခင်စန်းမော်ရေးသားသည့် "ပညာရှင်စိတ်ထား"စာအုပ်ပါ"ဘဝအချိုးအကွေ့" ခေါင်းစဉ်ဖြင့် ဦးဆောင်ဖတ်ရှု ဆွေးနွေးခဲ့ပြီး Youth Club မှမောင်ဟိန်းဇော် က ကျန်းမာမှချမ်းသာခေါင်းစစဉ်ဖြင်လည်းကောင်း၊မသွန်းဆုဖြိုး က "စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း"ခေါင်းစဉ်ဖြင်လည်း ကောင်း အသီးသီဖတ်ရှုဆွေးနွေးကြရာ ခရိုင်ဦးစီးမှူးကခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍လူငယ်အသိပညာပေးဟောပြောပွဲများ၊လူငယ်စကားဝိုင်းများနှင့်စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment