MNP - ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်း သား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ယနေ့နေ့လယ်၁နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင်ရှေ့ဦးစွာ ဒုတိယဦးစီးမှူဒေါ်တင်ဇာဦးက တတိယတန်းကျောင်းသားကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့်ဗဟုသုတရရှိစေမည့်အကြောင်း အရာများအားဆွေးနွေးပြော ကြားခဲ့သည်။
ထိုနောက် ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်း ပပြုလုပ်ကြရာ ရုပ်ပုံနှင့်ဆေးရောင်ခြယ်သမှု အကောင်းဆုံးကျောင်းသား၊ ကျောင်းသူ(၃)ဦးအား အမှတ်တရလက် ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment