မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရုံးလုပ်ငန်း လက်စွဲစာ အုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရုံးလုပ်ငန်း လက်စွဲစာ အုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်





MNP  -   ဖေဖော်ဝါရီ  ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့က ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ က ရုံးလုပ်ငန်း လက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းသည် ရုံးလုပ်ငန်းများကို ဝန်ထမ်းများ စနစ်တကျပိုမိုသိရှိနားလည်တတ်ကျွမ်းလာစေရန်၊ ရုံးစာများ ရေးသားရာတွင် သတိပြုဂရု စိုက်ရမည့်အကြောင်းအရင်းများကိူ သိရှိနားလည်စေရန်၊စာပေ ဖတ်ရှုသည့်အလေ့ အကျင့်များ ရရှိစေရန် နှင့်ပြောဆိုဆွေးနွေးသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း နှင့် ဝန်ထမ်းများက ရုံးလုပ်ငန်းလက်စွဲပါ ရုံးစာရေးသားနည်းများ ၊ ရုံးစာရေးသားရာတွင်လိုက်နာရမည့် အချက်များ၊ ရည်ညွှန်းစာပါ အကြောင်းအရာများ၊ ရုံးလုပ်ငန်းများ ပိုမိုနားလည်တတ်ကျွမ်းပြီး အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်ရန် လိုက်နာရမည့်အချက်များ စသည့်အကြောင်းအရာတို့ကို ဝန်ထမ်းတစ်ဦးချင်း အလိုက် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)