နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်


MNP  -    ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို အချင်းချင်းအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆို်ငလီခမ်းက ဒို့ကျေးရွာဂျာနယ် အတွဲ-၂၁ အမှတ်-၃ပါဒေါက်တာလွင်သန့်ရေးသားထားသည့် အရိုးပွခြင်းနှင့် ခန္ဓာကိုယ်သန်စွမ်းမှုခေါင်းစဉ်ကို ဆွေးနွေးရာ “အရိုးပွခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ အရိုးကျိုးလွယ်ခြင်းတို့ဟာ အသက်ကြီးလာရင်ဖြစ်တတ်ပေမဲ့ အမျိုးသမီးများမီးယပ်သွေးဆုံးပြီး အချိန်တွင်အဖြစ်များ တတ်ပါတယ်။ တကယ်ဆိုရင် အရိုးတစ်ရှူး(tissue)ဟာ ခန္ဓာကိုယ်တွင်းအမာဆုံးဖြစ်သလို သက်ရှိတစ်ရှူးလည်းဖြစ်တယ်။ သက်ရှိတစ်ရှူးဆိုတာ ခန္ဓာကိုယ်မှအဟာရရယူခြင်း၊ အသွင်ပြောင်းလဲခြင်း၊ အစားထိုးခြင်းစတာတွေရှိနေတယ်။ အရိုးဖြစ်ပေါ်စေတဲ့ဆဲလ်(cells)နဲ့ ပျက်စီးသွားတဲ့ဆဲနှစ်ခုတို့ဟာ အချိုးညီညီမဖြစ်တော့ဘဲ(Osteoclast) များလာကာ၊(Osteoclast)က နည်းလာမယ်ဆို ရင်အရိုးပွခြင်းဖြစ်လာတယ်။ အရိုးပွခြင်းမှာ ရောဂါလက္ခဏာမပြဘူး။ ပိုးလေးဘက်နာ သို့မဟုတ် သွေးလေးဘက်နာမှာ အဆစ်တွေရောင်မယ်၊ နာမယ်၊ မောပန်းလွယ်မယ်။ အရိုးပွရောဂါမှာ အပြင်ပန်းကြည့် ရင်ပုံမှန်အတိုင်းရှိတယ်။ အရိုးကျိူးစေတဲ့ အကြောင်းအရင်းပြင်းပြင်းထန်မရှိနိုင်ဘဲ အရိုးကျိုးလွယ်တာဟာ အရိုးပွခြင်းရဲ့ လက္ခဏာပဲဖြစ်တယ်။” ဆိုပြီးအကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့ပြီး၊ (Book Club)အဖွဲ့ဝင် ဒေါ်ဆွေဇင်မိုးက အရိုးပွရောဂါဟာ သက်ကြီးရွယ်အိုမှာဖြစ်တာများတယ်။ သက်ကြီးရွယ်အိုတွေမှာ ခန္ဓာကိုယ်ဟန်ချက်ညီအောင်၊ တည်ငြိမ်အောင်မထိန်းထားနိုင်တဲ့အတွက် လဲကျတာပဲဖြစ်တယ်။ လဲကျရင်အရိုးကျိုးတယ်၊ လဲကျစေနိုင်တဲ့ပြသနာကို အရင်ဆုံးပြုပြင်ကာကွယ်ရမာဘဲဖြစ်တယ် မျက်စိမှုန်လို့ချော်လဲတာဆိုရင် မျက်မှန်တပ်ခိုင်းရမယ်။ ကြွက်သားတွေအားနည်းလို့လဲတာဆိုရင် အရိုးသန်မာစေတဲ့လေ့ကျင့်ခန်းတွေ လုပ်ခိုင်းရမယ်။ နေ့စဉ်မချော်လဲအောင်၊ အခုအခံ(barrier free)တွေ၊ ရေချိုးခန်း၊ အိမ်သာတွေမှာ လက်ရန်းတွေတပ်ထားတာမျိုး လုပ်ထားပေးသင့်ပါတယ်။ ”ဟု အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)