ရွှေတောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မုဒိတာစာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မုဒိတာစာဖတ်ဝိုင်းကျင်းပ




MNP   -    ဒီဇင်ဘာ ၁၉

 စာအုပ်၊စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ် ၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊စာပေချစ်သူများBook Club    ဖြင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဆရာကြီးဦးအုန်းမောင်နှင့် ဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်ယုနိုင် စာရေးဆရာမအေပရယ်ယုနိုင် (ရွှေတောင်)တို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က လစဥ်မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည် ။


ထို့နောက်  စာအုပ်ဖြင့် ( ကွမ်းခြံကုန်း) သောင်းမြင့်ဦးရေးသားသော နဝင်ပီယံခလောက်သံနှင့်အခြားဝတ္ထုတိုများစသည့် စာအုပ်ပါသိမှတ်ဖွယ်ရာဗဟုသုတများ၊ရသတို့ကို ဆရာကြီး ဦးဇော်မင်းနှင့် ဆရာကြီး ဦးမြင့်ဦး၊ ဆရာကြီး ဦးစိန်လှ တို့က  ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်စာပေချစ်သူ လူငယ်မောင်မယ်များကအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့်တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


 ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)