ကျိန္တလီမြို့ (Community Centre)တွင် အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ (Community Centre)တွင် အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကျင်းပ




MNP   -    ဖေဖေါ်ဝါရီ     ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက  ကျောင်းသား/သူများအနေဖြင့် စာကြည့်တိုက်နှင့် အဆက်မပြတ်စေရန်၊ စာကြည့်တိုက်သို့လာရောက်၍ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုစေနိုင်ရန်နှင့် စာအုပ်စာစောင် များမှ သိမှတ်ဖွယ်ရာအဖြာဖြာတို့ကို လေ့လာမှတ်သားနိုင်ကြစေရန်ရည်ရွယ်၍ ပျော်ရွှင်စရာ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။


ဆက်လက်၍ ကျောင်းသား/သူများကို နှစ်ယောက်တစ်တွဲစီတွဲ၍ အပ်နှာဖားထိုးပြိုင်ပွဲကို ကျင်းပရာ မဆောင်းသဇင်မျိုးနှင့်မဖွေးရတနာတို့အတွဲမှ (ပထမ)ဆုကိုလည်းကောင်း၊ မမိုးမြင့်ဟေမာန်ခင်နှင့် မထက်ထက်ဦးတို့အတွဲမှ (ဒုတိယ)ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့သည်။


 ထို့နောက် ပူဖောင်းဖောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာ မဆောင်းသဇင်မျိုးနှင့်မဖွေးရတနာတို့အတွဲမှ (ပထမ)ဆုကို လည်းကောင်း၊ မဖူးဖူးစံနှင့် မမေဇင်သင်းတို့အတွဲမှ (ဒုတိယ)ဆုကိုလည်းကောင်း ရရှိခဲ့ကြပြီး ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးမှူးမှ ဆုရရှိသော ကျောင်းသား/သူ များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)