ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ





MNP   -   ဖေဖေါ်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပပြုလုပ်ကြသည်။


ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကလူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို  လူငယ်များရှိစေရန်အတွက်  အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီးလူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8တန်းကိုဖြေဆိုပြီးဖြစ်သော ကျောင်းသူ မဆုရတနာမှ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8တန်း ဖြေဆိုပြီးဖြစ်သောကျောင်းသား မောင်သန့်စင်ဦးမှ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 9 တန်းတွင်ပညာသင်ကြားနေသော မဆုသက်ဖြိုးမှလည််း လူငယ်နှင့်အားကစာခေါင်းစဉ်တို့ဖြင့်ဦးဆောင်ဆွေးနွေးပေးခဲ့ကြသည်။  


၎င်းနောက် လူငယ်စကားဝိုင်သို့ တက်ရောက်လာကြသော ကျောင်းသားလူငယ်များဖြစ်ကြသော Grade- 9 တန်းတွင် ပညာသင်ကြားနေသော မမိမိအောင်နှင့်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ

Grade-8တန်းမှ မောင်စည်သူဖြိုးတို့မှ ရခိုင်ပြည်နယ်တွင်ဖွင့်လှစ်မည့် အားကာသိပ္ပံကျောင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းကြရာမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးသန်းမှ လူငယ်များသိရှိလိုသည့် အားကာသိပ္ပံကျေင်းနှင့်ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းပြောကြားပေးသည်။ အဆိုပါ လူငယ်စကားဝိုင်သို့ ကျောင်းသားလူငယ်စုစုပေါင်း (၉၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)