MNP - ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ကလေးလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် ကလေးလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် “ပန်းတိုင်ကဘာလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ဝါသနာကိုပျိုးထောင်ပါ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူငယ်များအနေဖြင့် မိမိတို့၏ဘဝအတွက် အရေးကြီးဆုံးအချက်မှာ ကိုယ်ဝါသနာပါတာကို လုပ်ဖို့လိုအပ်ကြောင်း၊ ဝါသနာပါတာ စိတ်ဝင်စားတာကိုလုပ်မှသာ တက်တက်ကြွကြွ စိတ်ပါလက်ပါလုပ်နိုင်ပြီး အောင်မြင်မှုရနိုင်မှာဖြစ်ကြောင်း၊ ဆယ်တန်းအောင်လို့လိုင်းရွေးတာဖြစ်စေ၊ ဘဝအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ရွေးတာဖြစ်စေ၊ ခေတ်စားတာ၊ လူကြိုက်များတာကိုမကြည့်ဘဲ မိမိအမှန်တကယ်ဝါသနာပါတာကိုသာ ရွေးချယ်သင့်ကြောင်း၊ ဝါသနာကိုပြုစုပျိုးထောင်ရာတွင်မူလတန်းအရွယ်ကပင်စတင်ရမှာဖြစ်ကြောင်း၊ ဆွေးနွေးပြောကြားပြီးနောက် (youth club)အဖွဲ့ဝင် မဖူးဝင့်သူမှ လူကြီးလူကောင်း စိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မအိဖြူဇင်က ပန်းတိုင်ကဘာလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများဖလှယ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment