ကျောက်ဖြူ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား ဝန်ထမ်းများလိုက်နာရမည့်တာဝန် နှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ် သည်။
စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားပြီး စာအုပ်ပါအကြောင်းအရာများထဲမှ ဝန်ထမ်းစည်းကမ်းဆိုင်ရာများဖြစ်သည့် အလုပ်ချိန်နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု လုပ်ရည်ကိုင်ရည်တို့နှင့်သက်ဆိုင်သည့် စည်းကမ်း များ စသည့် စာပိုဒ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာစည်းကမ်းများကိုလည်းကောင်း၊ ဒေါ်နှင်း သဇင်(ရုပ်သံကျွမ်းကျင်-၃)က ပါတီနိုင်ငံရေးကင်းရှင်းရန်စည်းကမ်းများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှသိရှိလိုသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဝန်ထမ်းကျင့်ဝတ်စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့် ကျောက်ဖြူခရိုင်ရုံးအတွင်း ရှိဝန်ထမ်းများသည် ဝန်ထမ်းများလိုက်နာရမည့်တာဝန်များ၊ စည်းကမ်းများ၊ ဌာနဆိုင်ရာအရေးယူ ခြင်းခံရမည့် ပြစ်မှုပြစ်ဒဏ်များအား သိရှိပြီး ပိုမိုလိုက်နာကျင့်သုံးလာမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment