တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ကျင်းပကြောင်း သိရသည်။


(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ပြောကြားရာတွင် ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့သည် ပြည်ထောင်စုနေ့ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ယခုကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့မှသည် နောင်နှစ်များစွာထိတိုင် ဆက်လက်သယ်ဆောင်သွားရမည်ဖြစ်ကြောင်း ၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံသည့် သွေးစည်းညီညွတ်မှု၊ တောင်တန်းနှင့် မြေပြန့်တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသား/သူများအနေဖြင့် အစဉ်အောက်မေ့စေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြောကြားသည်။ ဆက်လက်၍ ကျောင်းသား/သူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးပြီး ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးသည်။


တံတားဦးမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများအနေဖြင့် အသိပညာဗညာဗဟုသုတရရှိရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဟောပြောပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်


ရဲတင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)