ကရင်ပြည်နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ


MNP    -  ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသားလူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာဦးတင်ဦး(ကျူရှင်)၏ “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က “လူငယ်နှင့်ဝါသနာ” ခေါင်းစဉ်တွင် ဝါသနာဟူသောဝေါဟာရသည် မြန်မာအဘိဓာန်စာအုပ်တွင် “စွဲမြဲနေသော အလေ့အကျင့်” စုအဓိပ္ပာယ်ဖွင့်ဆိုကြောင်း၊ လူငယ်များသည် မိမိတို့အမှန်တကယ်ဝါသနာပါသော အလုပ်မှာ ဘာလဲဆိုတာကို ငယ်ရွယ်စဉ်အခါကပင် ကွဲကွဲပြားပြားသိအောင်လုပ်သင့်ကြောင်း မိမိဘယ်နေရာမှာဝါသနာပါကြောင်း စောစောစီးစီးသိလျှင် သိသည့်အချိန်မှစ၍ ထိုဝါသနာပါရာကို ထွန်းပေါက်အောင်ဇောင်းပေးပြီးလုပ်ရမည်ဖြစ်ကြောင်း၊ ဝါသနာပါသည့်အလုပ်လုပ်ရာတွင် အားခွန်လုံ့လကို ထည့်စိုက်ပေးနိုင်ပါလျှင် အလုပ်လုပ်နေရင်းပျော်ရွှင်နေရပြီး အောင်မြင်မှုလည်းပိုမိုရနိုင်မည်ဖြစ်ကြောင်းနှင့် စာရေးဆရာဦးတင်ဦး၏ အတွေ့အကြုံများအကြောင်းများကိုလည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မိုအေးက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်တွင် နိုင်ငံတိုးတက်ရေးတွင် ပညာရေးသည်အဓိကကျကြောင်း၊ ပညာရေးတွင် စာပေမြတ်နိုးရေးရန်လည်း အင်မတန်အရေးကြီးကြောင်း၊ လူငယ်များသည် အတန်းထဲမှသင်ကြားသော စာပေလောက်နှင့်သာတင်းတိမ်မနေဘဲ စာဖတ်ဝါသနာပါလာမှ အသိစိတ်ဓာတ်များ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးလာမှာဖြစ်ကြောင်း၊ လူတစ်ယောက်သည် မိမိခြေအစုံကို မိမိနိုင်ငံတွင် ခိုင်မြဲစွာချထားရမည်ဖြစ်သော်လည်း မိမိမျက်လုံးကမူ ကမ္ဘာကြီးကို စူးစမ်းလေ့လာနေသင့်ကြောင်း၊ စာပေတည်းဟူသော ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်မှသာ ပြင်ပကမ္ဘာကြီးကို သဲကွဲစွာမြင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ဝါသနာပါရန် အရေးကြီးပုံများကို ကျောင်းသား/သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင်(၂)ကြိမ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)