သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူလတန်းအဆင့်ပန်းချီအခြေခံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူလတန်းအဆင့်ပန်းချီအခြေခံသင်တန်းဖွင့်လှစ်



MNP   -  ဖေဖေါ်ဝါရီ ၂၃

သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အသိပညာဗဟုတ တိုးပွါးပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့်ပန်းချီအခြေခံသင်တန်းကို ​​ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ အနုပညာခန်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါပန်းချီသင်တန်းကို  သံတွဲမြို့ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးအား နည်းပြဆရာ အထက(ခွဲ)ငကျော်တောင်ကျောင်းမှ (Grade-11) ကျောင်းသား မောင်မင်းခန့်စိုး က ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှ မတ် ၁၀ ရက်နေ့အထိတစ်ပတ်လျင်(၅)ရက် အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)