မာန်အောင်မြို့နယ်(Community Centre)ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်(Community Centre)ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP  -   ဖေဖော်ဝါရီ  ၂၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဝန်ထမ်းများအား ရုံးလုပ်ငန်းစနစ်တကျဆောင်ရွက်တတ်စေရန်၊စာရွက်စာတမ်းများလုံခြုံမှုအဆင့်အတန်းအားသိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်၁၁နာရီက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


    ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိဦးရန်ငြိမ်းက ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းသဘော သဘာဝနှင့် ရုံးလုပ်ငန်းများကိုမှန်ကန်မြန်ဆန်စွာ စနစ်တကျဖြစ်စေရန် ရည်ရွယ်ပြီး လစဥ်ရုံးတွင်း စာဖတ်ဝိုင်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်ကြည်ကြည်ဝင်းက ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါအခန်း(၃)ထွက်စာများကိုအရေးယူဆောင်ရွက်ရခြင်းခေါင်းစဥ်အောက်မှထွက်စာများကိုမှတ်ပုံတင်ခြင်းဆိုင်ရာများကိုလည်းကောင်း၊အငယ်တန်း(စာရေး)ဦးအောင်ပြည့်စုံကလုံခြုံမှု အဆင့်အတန်းဝင်စာ၊ထွက်စာများမှတ်ပုံတင်ခြင်းဆိုင်များကို လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာရုံးဝန်ထမ်းများက သိရှိလိုသည်များကိုမေးမြန်းကြပြီးအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။


     အဆိုပါ ရုံးလုပ်ငန်းလက်စွဲစာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့် ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းများတွင် မှန်ကန် မြန်ဆန် စနစ်တကျဖြစ်စေပြီး ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)