ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲပြုလုပ်ဆောင်ရွက်




MNP  -  ဖေဖေါ်ဝါရီ     ၈

  ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ် ဖေ‌ဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီက နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ကြသည်။


     ထိုသို့နံရံကပ်စာစောင် ပြသရာတွင် လူငယ်များဗဟုသုတရရှိစေရန်အတွက် ပြည်ထောင်စုနေ့ဂုဏ်ပြုကဗျာများ၊ ပြည်ထောင်စုနေ့ဆောင်ပုဒ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏  မိန့်ခွန်းကောက်နုတ်ချက်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည့်ဓာတ်ပုံများနှင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များဖြင့် ဝေဝေဆာဆာပြသထားရှိသည်။


       အဆိုပါ နံရံကပ်စာစောင်ပြပွဲသို့ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)