ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP) အစီရင်ခံစာ ရေးဆွဲရေးဆိုင်ရာသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP) အစီရင်ခံစာ ရေးဆွဲရေးဆိုင်ရာသင်တန်း ဖွင့်လှစ်


MNP  -  ဖေဖော်ဝါရီ ၂

ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP) အစီရင်ခံစာ ရေးဆွဲရေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။


အခမ်းအနားသို့ နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တက်ရောက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေးမဏ္ဍိုင်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ စီမံကိန်း/ စီးပွားရေး လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုး သက်ရောက်မှုများကို စနစ်တကျဖော်ထုတ်၍ ပြည့်စုံကောင်းမွန်သော အစီရင်ခံစာများ ရေးဆွဲတင်ပြကြရန်လိုကြောင်း ပြောကြားသည်။


သင်တန်းဖွင့်ပွဲအပြီးတွင် နေပြည်တော်ကောင်စီဝင်သည် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးနှင့် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတို့၏ ရုံးအတွင်း/အပြင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ကြသည့် စက်ရုံ/အလုပ်ရုံလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ EMP အစီရင်ခံစာများ အဆင်ပြေချောမွေ့စွာ ရေးဆွဲတင်ပြနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)