MNP - ဖေဖော်ဝါရီ ၆
မန်စီးတီးအသင်းကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA မှ ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ FFP စည်းမျဉ်းပေါင်း ၁၀၀ ကျော်ကို အကြိမ်ကြိမ် ချိုးဖျောက်ခဲ့ကြောင်း လေးနှစ်ကြာ စစ်ဆေးမှုအပြီးတွင် ပရီးမီးယားလိပ်အဖွဲ့ချုပ်က စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
မန်စီးတီအသင်းဟာ ကစားသမားစာချုပ်များ၊မန်နေဂျာစာချူပ်များနှင့် ၎င်းတို့၏လစာငွေများ၊ အသင်း စပွန်ဆာ စာချုပ်များနှင့်ကြော်ငြာများနှင့် အပြောင်းအရွှေ့လူဝယ်ယူမှု၊ရောင်းချမှုများတွင် ဖောက်ဖျက်ခဲ့ကြောင်း ၂၀၀၉-၁၀ မှ ၂၀၁၇-၁၈ အထိ ၉ရာသီဆက် ဖောက်ဖျက်ခဲ့ကြောင်းသိရသည်။
ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း ချိုးဖောက်ခဲ့ကြောင်း ပရီးမီးယားလိပ်အဖွဲ့ချုပ်၏ စွဲချက်တင်ထားမှုသည် အတည်ဖြစ်ခဲ့ပါက မန်စီးတီအသင်း အမှတ်လျှော့ပြစ်ဒဏ်များအပြင် ပရီးမီးယားလိပ်ကပင် ထုတ်ပယ်ခံရအထိ အရေးယူခံရနိုင်ကြောင်း သိရသည်။
အဆိုပါ စွဲချက်တင်ခံရများနဲ့ ပတ်သက်ပြီး မန်စီးတီအသင်းဘက်ကတော့ လုံးဝလက်မခံဘဲ အယူခံဝင်သွားမည်ဖြစ်ပြီး အကောင်းဆုံး ပြန်လည်ခုခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment