ဘုတ်ပြင်းမြို့၌ GAHP(ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်) ဝက်မွေးမြူရေးသင်တန်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ GAHP(ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်) ဝက်မွေးမြူရေးသင်တန်းပြုလုပ်


MNP  -   ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မွေးမြူနှင့်ကုသရေးဦးစီးဌာနမှ Good Animal husbandry Practices (ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်) ဝက်မွေးမြူရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် ဘုတ်ပြင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးမင်းထွေးက မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျနည်းမှန်လမ်းမှန်ဖြင့် မွေးမြူဆောင်ရွက်နိုင်ရန်၊ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းကို တာဝန်ရှိသူများက အသီးသီးပို့ချခဲ့သည်။


ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် သင်တန်းသား သင်တန်းသူ(၃၀)ဦးတက်ရောက်ကြပြီး သင်တန်းတွင် ဝက်မွေးမြူသူများအနေဖြင့် မြေနေရာရွေးချယ်ရာတွင် သတ်မှတ်ထားသည့်လမ်းညွှန်ချက်များ၊ ခြံအပြင်အဆင်ထားရှိမှုများ၊ အဆောက်အဦဆောက်လုပ်မှုအခြေအနေများ၊ အစာကျွေးမွေးမှုနည်းစနစ်များ၊ ကျန်းမားရေးဆိုင်ရာစီမံမှုအခြေအနေများ၊ လုပ်သားဆိုင်ရာစီမံခန့်ခွဲမှုမှတ်တမ်း၊ မွေးမြူရေးဆိုင်ရာအချက်အလက်များ ထိန်းသိမ်းထားရှိမှုအခြေအနေများကို သင်တန်းနည်းပြများက စာတွေ့လက်တွေ့ဘာသာရပ်များအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)