တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲများ စတင်ဖြေဆိုအမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲများ စတင်ဖြေဆိုအမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ် ကြည့်ရှုအားပေး





MNP   -   ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလ တန်းအဆင့် Grade-5 နှင့် အလယ်တန်း အဆင့် Grade-9 တန်း ပြီးမြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယနေ့နံနက်၉နာရီအချိန်မှ၍ အထက-တနင်္သာရီကျောင်း (အပါအဝင်) သက်ဆိုင်ရာ အခြေခံပညာကျောင်း စာစစ်ဌာနများတွင် ကျောင်းသူ/သားများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ (ပထမ)နေ့ မြန်မာစာဘာသာကို စတင်ဖြေဆိုနေကြပြီဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။


ထိုသို့ အထက-တနင်္သာရီစာစစ်ဌာနအတွင်း ကျောင်းသူ/သားများ ပြီးမြောက်မှု စစ်ဆေးခြင်း စာမေးပွဲ ဖြေဆိုနေမှုများကို အမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင် ကိုလတ်၊ မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော် သက်ထူးနှင့် မြို့နယ်ပညာရေးမှူးဦးခင်ဇော်တို့က လိုက်လံကြည့်ရှိပြီး အးပေးစကားများ ပြောကြားပေးခဲ့သည်။


အခြေခံပညာမူလတန်းအဆင့် Grade-5 ပြီးမြောက်မှုစစ်ဆေးခြင်း စာမေးပွဲမေးခွန်းလွှာများကို မြိတ်ခရိုင်ပညာရေးဌာနမှ မေးခွန်းထုတ်စစ်ဆေးခြင်းဖြစ်ပြီး  တနင်္သာရီမြို့နယ် တွင် အထက-တနင်္သာရီ (အပါအဝင်)  အခြေခံပညာမူလတန်းအဆင့် စာစစ်ဌာန (၂၅)ခု တို့တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသူ/သားပေါင်း (၉၆၆)ဦး ရှိပြီး ၊ယနေ့မှစ၍ (၂၈-၂-၂၀၂၃)နေ့အထိ မြန်မာ စာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာနှင့် လူမှုရေးဘာသာတို့ကို တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် နေ့စဉ်နံနက်၉နာရီမှ ၁၀နာ ရီ၃၀အထိ (၅)ရက်အကြာ ဖြေဆိုကြမည် ဖြစ်ကြောင်း ၊ အလားတူ အလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း Grade-9 အတန်းစာမေးပွဲမေးခွန်းလွှာများကို  ထားဝယ်မြို့-တနင်္သာရီတိုင်းဒေသကြီး ပညာရေးဌာနမှ မေးခွန်းထုတ်စစ်ဆေးခြင်းဖြစ်ပြီး တနင်္သာရီမြို့နယ်အတွင်း အထက-တနင်္သာရီ (အပါအဝင်) စာစစ်ဌာန(၁၅)ခုတို့တွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသူ/သားပေါင်း (၇၀၅)ဦး ရှိပြီး ယနေ့မှစ၍(၁-၃-၂၀၂၃)ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် အထွေထွေသိပ္ပံဘာသာ.စသည့် (၆)ဘာသာကို နေ့စဉ်နံနက်၉နာရီမှ ၁၁နာရီ အထိ(၆)ရက်အကြာ ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ထိန်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)