ဟင်္သာတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade- 5) နှင့် (Grade- 9) နှစ်ဆုံးစာမေးပွဲများဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade- 5) နှင့် (Grade- 9) နှစ်ဆုံးစာမေးပွဲများဖြေဆို



MNP   -   ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (Grade-5)နှင့် (Grade-9) နှစ်ဆုံးစာမေးပွဲများကို သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာ ဖြင့် သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။


ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်း စုစုပေါင်း (၃၅၂) ကျောင်းရှိရာ Grade-5 (သင်ရိုးသစ်) စာမေးပွဲနှင့် Grade- 9 (သင်ရိုးဟောင်း) စာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှစတင်ကာ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ သင်္ချာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၄၈၈ ဦးတို့မှ အေးချမ်းစွာဖြင့် ဆက်လက် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)