ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆို


MNP   -   ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade- 5)နှင့် အဋ္ဌမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့နံနက် (၉) နာရီမှစတင်၍ သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။


ကျောက်မဲမြို့နယ်တွင် (Grade-5) ကျောင်းပေါင်း(၈၁)ကျောင်းနှင့် (Grade-9) ကျောင်းပေါင်း (၂၃)ကျောင်း ဖွင့်လှစ်ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ အခြေခံပညာ ကျောင်းများမှ ခရိုင်စစ် Grade-5 ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၁၁၈၂)ဦးတွင် (၁၁၆၄)ဦး ဖြေဆိုပြီး  ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၈.၄၈) ရာခိုင်နှုန်း၊ တိုင်းစစ် Grade-9 ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၇၈၆)ဦးတွင် (၇၆၄)ဦးဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၇.၂)ရှိပြီး အေးချမ်း စွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။


ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာ‌‌ရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။


မိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)