လိပ်သိုမြို့၌ ၂၀၂၂-၂၀၂၃-ခုနှစ် ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့၌ ၂၀၂၂-၂၀၂၃-ခုနှစ် ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆို


MNP  -    ဖေဖော်ဝါရီလ ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းအဆင့်တွင် Grade-5 နှင့် အလယ်တန်းအဆင့်တွင် Grade-9 အတန်းများ ၂၀၂၂-၂၀၂၃-ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ စတင်ဖြေဆိုရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။


လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်စစ် Grade-5 ကျောင်းသား/ ကျောင်းသူ(၂၉)ဦးနှင့် ပြည်နယ်စစ် Grade-9 ကျောင်းသား/ကျောင်းသူ(၅၈)ဦးတို့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ(၁) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


ကျောင်းသား/ကျောင်းသူများနှင့် နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် ကျောင်းအုပ်ဆရာမကြီး၏ကြီးကြပ်မှုဖြင့် တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)