MNP - ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ဖြေဆိုလျက်ရှိလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် Grade-5 တွင် စာရင်းရှိ ကျောင်းသားကျောင်းသူ (၄၀၇၆)ဦး၊ ဖြေဆိုသူ (၃၈၁၀)ဦး၊ ပျက်ကွက် (၂၆၆)ဦး၊ အလယ်တန်းအဆင့် Grade-9 တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၇၇၅) ဦး၊ ဖြေဆိုသူ (၁၇၁၃)ဦး၊ ပျက်ကွက် (၆၂) ဦးရှိပြီးGrade-5အဆင့်ကျောင်းသားကျောင်းသူများအား ဖေဖော်ဝါရီလ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ၊ Grade-9 အဆင့်ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment