မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) ကျောင်းသား/သူများ နောက်ဆုံးစာမေးပွဲအင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) ကျောင်းသား/သူများ နောက်ဆုံးစာမေးပွဲအင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို



MNP  -   ဖေဖော်ဝါရီ  ၂၃

       ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်  ၂၀၂၂ -၂၀၂၃  ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) ကျောင်းသား/သူများ နောက်ဆုံးစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား  ယနေ့ နံနက် ၉ နာရီက သက်ဆိုင်ရာ စာစစ်ဌာနများတွင်ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


အဆိုပါ စာမေးပွဲတွင် (Grade-5) မူလတန်းအဆင့် နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၂၅) ခုဖွင့်လှစ်၍ ဖြေဆိုလျက်ရှိရာဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ (၈၇၉)ဦး ရှိသည့်အနက် ယနေ့ အင်္ဂလိပ်စာဘာသာရပ်အား လာရောက်ဖြေဆိုသူ ကျောင်းသား/သူ(၈၅၈)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန်ပျက်ကွက်သူ  (၂၁)ဦး ပျက် ကွက်ခဲ့ကြသဖြင့် ပျက်ကွက် ရာခိုင် နှုန်းမှာ၂ရာခိုင်နှုန်းဖြစ်ကြောင်း၊ တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီ၂၈ရက်နေ့ထိ ဖြေဆိုရမည်ဖြစ်ကြောင်း၊အလယ်တန်းအဆင့်(Grade-9)နှစ်ဆုံးစာမေးပွဲကို  စာစစ်ဌာန( ၂၃)ခုတွင်ဖြေဆိုရန်စာရင်းရှိဦးရေ(၇၂၂)ဦးရှိသည့်အနက်အင်္ဂလိပ်စာဘာသာရပ်ကိုလာရောက် ဖြေဆိုသူ( ၆၉၉ ) ဦး ရှိပြီး ပျက်ကွက်မှာ( ၂၃) ဦးဖြစ်သဖြင့် ပျက်ကွက်ရာခိုင်နှုန်းမှာ ၃ ရာခိုင်နှုန်းဖြစ်ကြောင်း၊တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် မတ်လ၁ရက်နေ့ထိဖြေဆိုရမည်ဖြစ်ကြောင်းမြို့နယ် ပညာရေးမှူး ရုံးမှ သိရသည်။ 


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)