ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို




MNP  -    ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ဖြေဆိုလျက်ရှိလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။


 ပေါက်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် Grade-5 တွင် စာရင်းရှိ ကျောင်းသားကျောင်းသူ (၄၀၇၆)ဦး၊ ဖြေဆိုသူ (၃၈၁၁)ဦး၊ ပျက်ကွက် (၂၆၅)ဦး၊ အလယ်တန်းအဆင့် Grade-9 တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၇၇၅) ဦး၊ ဖြေဆိုသူ (၁၇၁၃)ဦး၊ ပျက်ကွက် (၆၂) ဦးရှိပြီးGrade-5အဆင့်ကျောင်းသားကျောင်းသူများအား ဖေဖော်ဝါရီလ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ၊ Grade-9 အဆင့်ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)