မာန်အောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်Grade-5နှင့်အလယ်တန်းအဆင့်Grade-9ကျောင်းသား/သူများနှစ်ဆုံးစာမေးပွဲစာစစ်ဌာနအလိုက်စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်Grade-5နှင့်အလယ်တန်းအဆင့်Grade-9ကျောင်းသား/သူများနှစ်ဆုံးစာမေးပွဲစာစစ်ဌာနအလိုက်စတင်ဖြေဆို




MNP   -   ဖေဖော်ဝါရီ၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အခြေခံပညာမူလတန်းအဆင့်Grade-5(သင်ရိုးသစ်)ခရိုင်စစ်စာမေးပွဲနှင့် အခြေခံပညာအလယ်တန်းGrade-9(သင်ရိုးဟောင်း) ပြည်နယ်စစ်စာမေးပွဲကို ယနေ့နံနက်၉နာရီတွင်စာစစ်ဌာနအလိုက် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


   ထိုသို့ဖြေဆိုလျက်ရှိရာ အခြေခံပညာမူလတန်းအဆင့်Grade-5(သင်ရိုးသစ်)ခရိုင်စစ်စာမေးပွဲကို စာစစ်ဌာန(၂၅ )ခုတွင် ဖြေဆိုရန် စာရင်းရှိဦးရေ(၈၇၉)ဦးရှိပြီး ဖြေဆိုသူကျောင်းသား/သူ( ၈၅၉)ဦး၊ပျက်ကွက်သူ (၂၀) ဦးရှိကြောင်း၊အခြေခံပညာအလယ်တန်းအဆင့်Grade-9(သင်ရိုးဟောင်း)ပြည်နယ်စစ်စာမေးပွဲကို စာစစ်ဌာန(၂၃)ခုတွင် ဖြေဆိုရန်စာရင်းရှိကျောင်းသား/သူ(၇၂၂)ဦးရှိပြီး၊ဖြေဆိုသူ(၆၉၉)ဦး၊ပျက်ကွက်သူ(၂၃  )ဦးရှိကြောင်း၊စာမေးပွဲကိုအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း၊အခြေခံပညာမူလတန်းအဆင့်Grade-5စာမေးပွဲကိုဖေဖော်ဝါရီလ၂၂ရက်နေ့မှ၂၈ရက်နေ့ထိမြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ၊လူမှုရေးဘာသာရပ်များကို နံနက်၉နာရီမှ၁၀နာရီခွဲထိလည်းကောင်း၊အလယ်တန်းအဆင့်Grade-9စာမေးပွဲကိုဖေဖော်ဝါရီလ၂၂ရက်နေ့မှမတ်လ ၁ရက်နေ့ထိမြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ပထဝီ၊သမိုင်း၊အထွေထွေသိပ္ပံဘာသာရပ်များကိုနံနက်၉နာရီမှ၁၁နာရီထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးထံမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)