ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade- 5)နှင့်(Grade- 9)နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade- 5)နှင့်(Grade- 9)နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆို





MNP  -   ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်(Grade- 5) နှင့်(Grade -9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၉ နာရီကစတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်း များအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိ သည်။


ရသေ့တောင်မြို့နယ်တွင် အခြေခံပညာကျောင်း(၁၇၄ )ကျောင်းရှိရာ အခြေခံပညာမူလတန်းအဆင့် ခရိုင်စစ် Grade- 5 (သင်ရိုးသစ်) စာမေးပွဲကို စာစစ်ဌာန (၉၈)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှစတင်ကာ ကျင်းပပြုလုပ်လျက်ရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၃၇၇၀ဦးတို့မှလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ပြည်နယ်စစ် Grade- 9 (သင်ရိုးဟောင်း) စာမေးပွဲကို  စာစစ်ဌာန(၇၁)ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ နံနက် ၉ နာရီမှစတင်ကာ ကျင်းပပြုလုပ်လျက်ရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၂၀၃၅ ဦးတို့မှလည်းကောင်း အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။


အဆိုပါ စာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့်သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


  ထွန်းလင်းကျော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)