ပေါင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade (5)နှင့်Grade(9)အတန်းတင်စာမေးပွဲအား အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade (5)နှင့်Grade(9)အတန်းတင်စာမေးပွဲအား အေးချမ်းစွာဖြေဆို




MNP  -    ဖေဖော်ဝါရီ   ၂၂ 

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)နှင့် Grade(9) အတန်းတင် စာမေး ပွဲကို ဖေ‌ဖော်ဝါရီ ၂၂ ရက်က သက်ဆိုင်ရာအခြေခံပညာဦးစီးဌာန‌ ကျောင်းများတွင် ကျင်းပခဲ့သည်။


အဆိုပါစာမေးပွဲကျင်းပရာတွင်‌ပေါင်မြိုနယ်ရှိ စာစစ် ဌာန(၁၆၃)ခု၌ Grade(5)  စာမေးပွဲအား  ကျောင်းသား (၁၄၅၇)ဦးနှင့်ကျောင်းသူ(၁၄၅၄)ဦး စုစုပေါင်း(၂၉၁၁) ဦးတို့ဝင်ရောက်ဖြေဆိုကြပြီး Grade (9) စာမေးပွဲအားကျောင်းသား (၆၀၆)ဦး ကျောင်းသူ(၉၃၇)ဦး စုစုပေါင်း(၁၅၄၃)ဦးတို့ကအေးချမ်းစွာဝင် ရောက် ဖြေဆိုခဲ့ကြသည်။


 ကျောင်းသား၊ကျောင်းသူများစာမေး ပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာ မများက  စာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင် ရွက်လျက်ရှိ ကြောင်းမြို့နယ်ပညာရေးဦးစီးဌာနမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)