ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့်(Grade-9)နှင့် မူလတန်းဆင့် (Grade-5)စာမေးပွဲများ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့်(Grade-9)နှင့် မူလတန်းဆင့် (Grade-5)စာမေးပွဲများ ဖြေဆို


MNP  -   ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ‌ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ အလယ်တန်းအဆင့် (Grade-9)နှင့် မူလတန်းအဆင့် (Grade-5) စာမေးပွဲများကို ယမန်နေ့မှစ၍ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိသည်။


ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ ကျောင်း(၁)ကျောင်း၊ ထ(ခွဲ)အလယ်တန်းကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း(၁၀)ကျောင်းနှင့် မူလွန် (၄)ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၁၇ ကျောင်းဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး၊ အလယ်တန်းနှင့်မူလတန်း ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းအလိုက် ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ကျင်းပလျက်ရှိရာ အလယ်တန်းကျောင်းသား၊ ကျောင်းသူ(၃၃၁)ဦးနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူ (၃၉၃) ဦးတို့မှ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိသည်။


အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့်စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၂ရက်မှ ၂၈ရက်နေ့အထိ သက်ဆိုင်ရာအတန်း၏ ဘာသာရပ်အလိုက် ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဝေယံ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)