အထက(ပေါက်တော)၌ အလယ်တန်းဆင့်(Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထက(ပေါက်တော)၌ အလယ်တန်းဆင့်(Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်း





MNP   -    ဖေဖော်ဝါရီ       ၂၃

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ (အထက) ၌ အလယ်တန်းဆင့်(Grade-9)ပြီးမြောက် အောင်မြင် သောကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်းရှိ စုပေါင်းခန်းမတွင် ရှင်းလင်းပြောကြားသည်။


ရှေးဦးစွာ အထက ပေါက်တောမြို့ ကျောင်းအုပ်ဆရာကြီး ဒေါ်စံလှဝင်း က ၂၀၂၃ ခု၊ ဇန်နဝါရီ ၃၁ ရက် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် အထက်တန်းအဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်ပညာ၊စိုက်ပျိုးရေး၊မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း  ရရှိလာမည်ဖြစ်ကြောင်း စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ ပေါက်တောမြို့ (အထက)ကျောင်း မှ  အလယ်တန်းဆင့်(Grade-9) ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး သိရှိလိုသည်များကို မေးမြန်းက ကျောင်းအုပ်ဆရာကြီး ဒေါ်စံလှဝင်း ပြန်လည်ရှင်း လင်းပြောကြားကြောင်း သိရသည်။


ထို့ပြင် အလယ်တန်းဆင့်(Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင် မည့် အခွင့်အလမ်းများမှာ ရခိုင်ပြည်နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေး တွဲဖက်သင် ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများမှာ စစ်တွေမြို့ရှိ အထက(၁) စစ်တွေ၊သံတွဲမြို့ရှိ အထက(၂) သံတွဲ နှင့် အမ်းမြို့ရှိ အထက(၁)အမ်း တို့ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်စံလှဝင်း က ပြောကြားသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)