ဓနုဖြူမြို့နယ်တွင် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိရေး အသိပညာပေးဟောပြောပွဲ ကျင်းပ




MNP   -    ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ​၏ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ဟောပြောခဲ့ပြီး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းက ပညာသင်ယူနိုင်မည့် အခွင့်အလမ်းဆိုင်ရာ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာပါ အကြောင်းအရာများကို ရှင်းလင်းပြောကြား ခဲ့သည်။ 


 ထို့နောက် ဆရာ၊ ဆရာမများမှတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ မိဘများအားပညာသင်ယူနိုင်မည့် အခွင့်အလမ်းဆိုင်ရာ အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူမိဘများ စုစုပေါင်း(၁၉၀) ဦးခန့်တက်ရောက် ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)